တံတားဦး စက်တင်ဘာ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကဗျာရွတ်ဆိုပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် ( Community Centre )ခန်းမတွင် ကျင်းပကြောင်းသိရသည်။
ကဗျာရွတ်ဆိုပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက်၊ မှန်ကန်စွာနှင့် ဖတ်ရှုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိ စွာ အသုံးပြု တတ်စေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပွဲပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းသား/သူများက မိမိတို့လေ့လာထားသည့် ကဗျာများကို ရွတ်ဆိုကြပြီး စာအုပ်စာစောင်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြကြောင်း သိရသည်။
ရဲတင့်