ပေါင်းတည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကြူတောကန်အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါထပ်ဆောင်းကာကွယ်ဆေးအား ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinovac)အမျိုးအစားကို ကျန်းမာရေးဦးစီးဌာနမှတာဝန်ကျ ဘက်စုံသားဖွားဆရာမ ဒေါ်ချိုရည်မွန်ကကြီးကြပ်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ထိုးနှံပေးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် Booster Dose ထိုးနှံသူ(၂၁)ဦးနှင့်ဒုတိယအကြိမ် Booster Dose ထိုးနှံသူ(၅၇)ဦးတို့အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinovac)အမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)