ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် အနာဂတ်တိုင်းပြည်၏ သားကောင်း၊ သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရီမင်္ဂလာခန်းမ၌ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်အောင်ဇော်မင်းက မူးယစ်အစဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်၊ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ်ဆိုးကျိုးများအကြောင်း၊ အွန်လိုင်းတွင်တွေ့မြင်ရသည့် မူးယစ်ဆေးဝါးများအကြောင်း၊ မြန်မာနိုင်ငံတွင်တွေ့ရှိရသော မူးယစ်ဆေးဝါးများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မူပြစ်ဒဏ်များအကြောင်းကို ကျောင်းသား/သူများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)