စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်

စဉ့်ကိုင် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့်  အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်(၉) နာရီက ရွာနိုင်ရပ်ကွက်အတွင်းရှိ လမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။      

ထိုသို့ပြည်သူများသိစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက အပတ်စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရိစ္ဆာန်များနှင့်  မကျက်တကျက်ချက်ပြုတ်ထားသည့်အသားနှင့်  အခြားရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များ၊ စားသုံးမိခြင်း၊ လူ၏အနာများ၊  အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှ  ကူးစက်ခြင်း၊ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မိမိတွင်မျောက် ကျောက်ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ်များ ရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် သီးခြားခွဲနေထိုင်ရန်၊ အခြားသူများနှင့် နီးကပ်စွာထိတွေ့မှုကို​ ရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအားမကူးစက်အောင် ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှု ပြုလုပ်မည်ဆိုပါက နှာခေါင်းစည်းကို တပ်ဆင်အသုံးပြုရေးစသည့်  ရှောင်ရန်အချက်များနှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)