ရန်ကင်း စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းတွင် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းရှိ/ မရှိ စစ်ဆေးအကြံပေးခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာအပူလွန်ကဲခြင်းကြောင့် ဝိုင်ယာရှော့ဖြစ်ပါက မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေး၊ မီးဘေးလုံခြုံရေး၊ မော်တော်ယာဉ်နှင့် ယာဉ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းရေးတို့အတွက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက်စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄)ဦးနှင့် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်များမီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)