ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ပန်းတောင်း စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံက်(၇:၀၀)နာရီအချိန်က ဆင်တဲစည်ပင်သာယာစျေးရှေ့တွင် ဖြန်းဖြူးရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ စားသုံးဆီ(၅၀)ကျပ်သားလျှင်ငွေကျပ် ၂၇၅၀/-၊ ကြက်ဥ(၁၀)လုံးလျှင်ငွေကျပ် ၁၅၀၀/-၊ ဝတ်သားတစ်ဆယ်သားလျှင် ငွေကျပ် ၁၀၀၀/-၊ အမဲသားတစ်ဆယ်သားလျှင်ငွေကျပ် ၁၀၀၀/- နှင့်ဟင်းသီးဟင်းရွက်များကို ပန်းတောင်းမြို့နယ်အတွင်းရှိ ဆင်တဲကျေးရွာ ပြည်သူများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)