မင်္ဂလာဒုံ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန် က အမှတ်(၃)လမ်း မတလျောက်နှင့် ပြည်လမ်းမတလျောက်တို့တွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထိုသို့ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင် ခေါင်းဆောင်သောအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်းဦးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမြင့်သူအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင် ခေါင်းဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက မီးငြိမ်းသတ်ယာဉ် (၁)စီးဖြင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြတ်မွန်ခင်(မင်္ဂလာဒုံ)