လယ်ဝေး စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ယနေနံနက်ပိုင်းက သီရိရ တနာစျေးအနီးတွင် ဒေသခံများနှင့်ဖြတ်သန်းသွားလာနေသည့်ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေးအသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်ဝန်ထမ်းများ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ချမ်းမြေ့နှင့်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask များတပ်ဆင်သွားလာကြရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)