ရေတာရှည် စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၆)ကုတင်ဆံ့ သာဂရစက်မှုဇုန်ဆေးရုံသို့ PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က အမှတ်(၅)တပ်မတော် အကြီးစားစက်ရုံ(သာဂရ) အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် သာဂရစက်မှုဇုန်ဆေးရုံအတွက် PPE ဝတ်စုံ(၂၀၀)စုံ၊ နှာခေါင်းစည်း(၅၀၀)ထုပ်နှင့် လက်သန့်ဆေးရည်(၅)ဂါလံအား မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းနှင့် ဆေးရုံမှတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ရေတာရှည်(ပြန်ဆက်)