ရေနံချောင်း စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်က စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ရာ မေလ ၁၈ ရက်နေ့မှ စက်တင်ဘာ ၂၇ ရက်နေ့အထိ ကျေးရွာအုပ်စု ၂၅ အုပ်စုမှ တောင်သူ ၅၇၂၅ ဦး၏ မိုးသီးနှံစိုက်ဧက ၃၅၃၁၁ ဧကအတွက် ငွေကျပ် ၃၅၃၃၅၀၀၀၀၀ ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်