ကျေးသီး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ကျေးသီးမြို့မစျေးကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူနှင့် သူနာပြုများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများစသည်တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားလာကြသည့် ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများတို့အား နှာခေါင်းစည်း (Mask)များအား အခမဲ့ဖြန့်ဝေပေးခြင်း လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စျေးအတွင်းMask များတပ်ဆင်ထားခြင်းရှိ၊ မရှိ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်၊၊
သဲစုပိုင်(ကျေးသီး)