မူဆယ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဓာတ်ဆီဆိုင်အချို့၌ ယခင်ကထက် ဓာတ်ဆီဈေးနှုန်း အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
အဆိုပါရောင်းချပေးရာတွင် မူဆယ်မြို့၌ ယခင်က ဓာတ်ဆီတစ်လီတာ (၃၅၀၀)ကျပ်နှုန်းမှ ယခု ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးနေပြီး မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ဓာတ်ဆီတစ်လီတာကို (၂၃၃၀)ကျပ်နှုန်းဖြင့် အသီးသီး ရောင်းချပေးကြောင်း သိရသည်။ ယင်း ရောင်းချပေးရာတွင် အချိန်အကန့်အသတ်၊ နှုန်းအကန့်အသတ်တို့ဖြင့် ရောင်းချခြင်း မရှိတော့ကြောင်း ဓာတ်ဆီပန့်ဆိုင်မှ တာဝန်ရှိဝန်ထမ်းများမှ သိရသည်။
၀၀၉(မူဆယ်)