မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ မိုးလယ်နေကြာသီးသန့်စိုက် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မင်းလှမြို့နယ်မှ မိုးလယ်နေကြာသီးသန့်စိုက်ပျိုးသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မင်းလှမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။