တမူးမြို့တွင် အ​ခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့မရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် (၇) နာရီခွဲအချိန်မှစတင်၍ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ (၃၄၅၀) ဧကလျာထားပြီး (၂၄၇၄) ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံအထွက်တိုးပွားရေး  (၃၄၅၀) ဧကလျာထား စိုက်ပျိုးခဲ့ရာ (၂၄၇၄) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမတွင်  ကျင်းပကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် ခိုင်ရွှေဝါလမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် ခိုင်ရွှေဝါလမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်က  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သေ ာစွန်ရဲအင်းအတွင်း ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာအနီး သဘာ၀ရေပြင်ဖြစ်သော စွန်ရဲအင်းအတွင်း မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်းမှ ဒုတိယအကြိမ်ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေနှစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးအခမဲ့ထိုးနှံ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျ ရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးနှင့် ကျေးရွာ(၂)ရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့ လမ်းသွားလမ်းလာများနှင့် ဈေးများအတွင်း နှာခေါင်းစည်း လူတိုင်းတပ်ဆင်နိုင်ရေး Mask ခုရေ ၄၀၀၀ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလူတိုင်းနှာခေါင်းစည်း Mask တပ်ဆင် နိုင်ရေး နှာခေါင်းစီးခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သထုံမူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ် နတ်ကန်ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လူထုတွေ့ ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်ကန်ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က နတ်ကန်ကျေးရွာအုပ်စု၊ နတ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to