(World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းများကို ယမန်နေ့ နံနက်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြန်အောင်ခရိုင်ရုံး၌ ပြုလုပ်ခဲ့သည်။