ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီကွင်းပိတ်အဖြစ် နေကြာသီးနှံ (၃၁၄၃) ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးများဖူလုံရေးနှင့် စားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ကွင်းပိတ်အဖြစ် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀) အပါအဝင် (၃၁၄၃) ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။