သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝ မြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်လှစ်နေမှုအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ရှင်ဂျော့ဂျက်အသင်းတော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိရေး အမျိုးသမီးငယ်များဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က (အ.ထ.က)ချင်းမြောင်ကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။

စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော

စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူ၍ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောပွဲ များကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေဇင်ယော် ရပ်ကွက်၊ အလက(ခွဲ)၊ရွှေဇင်ယော်(၁)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော နတ်ပလင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ်နတ်ပလင်ကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အဖြစ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ရုံးခန်းမတွင် ပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် စွန့်ပစ်ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Youth Club အဖွဲ့ဝင်များနှင့် Woman Club အဖွဲ့ဝင်များပူးပေါင်း၍ စွန့်ပစ်ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း (အခမဲ့) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့စာအုပ်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်၊     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်   စာဖတ်သူများ  အလွယ်တကူ    စာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က   နယ်လှည့်စာ ကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်(၃)၌   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင် းသိရသည်။

သနပ်ပင်မြို့နယ်တွင် စားသုံးသူပြည်သူများအဆင်ပြေစေရန် ဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ ယနေ့နံနက်ပိုင်း က မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နေ့လယ် ၁ နာရီခွဲ အချိန်က ဖွားစောကျေးရွာအုပ်စုသို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to