ပေါက်ခေါင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

ပေါက်ခေါင်း     စက်တင်ဘာ     ၂၉

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ပြည်ခရိုင်)နှင့် ပေါက်ခေါင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းစားသုံးဆီ ၁ ပိဿာလျှင် ဗူးအပါ ၅၄၀၀/-ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးဒေါ်အေးမျိုးရွှေနှင့် ပေါက်ခေါင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ လိုက်လံရောင်းချပေးလျက်ရှိရာ ဝန်ထမ်းတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ပေါက်ခေါင်းမြို့နယ်အတွက် စားသုံးဆီ ပိဿာ ၃၀၀ ကိုရောင်းချပေးခဲ့ရောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)