ဟုမ္မလင်းမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံများစိုက်ပျိုးဧက ၉၀၉၈၆ စိုက်ပျိုးနိုင်ခဲ့

ဟုမ္မလင်း စတင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံများစိုက်ပျိုး ဧက ၉၀၉၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် နှံစားသီးနှံလျာထား  ၆၄၃၄၄ဧက၊ ပဲ အမျိုးမျိုး ၁၉၅ ဧက၊ ဆီထွက်သီးနှံ ၁၃ ဧက နှင့် စက်မှုသီးနှံ ၈၂၄၁ ဧက၊ ကွမ်းသီးနှင့်ကွမ်းရွက်  ၂၈၈ ဧက၊ ဟင်းခက်အမွှေးကြိုင် ၂၀၅ ဧက၊ အခြားစားသုံးပင်သီးနှံမှာ လက်ဖက်၊ ကော်ဖီ၊ အုန်း၊ သစ်သီးပင်များ စသည့်စုစုပေါင်း ဧက ၁၂၇၅၂ ဧကရှိပြီး၊ မိုးသီးနှံဧက စုစုပေါင်း ၉၀၂၉၆ ဧကလျာထားပြီး၊ မိုးစပါးစိုက်ပျိုးပြီး ၆၄၁၆၀ ဧကနှင့် မိုးသီးနှံများ စိုက်ပျိုးဧကပေါင်း ၉၀၉၈၆ စိုက်ပျိုးခဲ့ပြီး၊ စိုက်ပျိုးနိုင်မှု ရာခိုင်နှုန်းမှာ ၁၀၀ ဒသမ ၇၆ ရာခိုင်နူန်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

လင်းလင်း(ပြန်/ဆက်)