မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုတွင် ငွေကုန်ကျမှုအနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် စုပေါင်းလမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများမပါဝင်သော အားကစားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှစတင်ပြီး ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့်  ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာရေးသူ  အောင်ကိုဦး(UMK)ရေးသားထားသည့်  “လူငယ်တွေကို လမ်းဖွင့်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ကန့်ဘလူမြို့နယ်၌ အ.ထ.က(၁)ကန့်ဘလူနှင့်အထက(ခွဲ)တောက္ကရှပ် ကျောင်းတို့အား ဘင်ခရာ ဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆရာတော် ဦးဝါသဝ(၅၅၀ ဆရာတော်)၊ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နည်းဗျူဟာမှူးကြီးနှင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ အ.ထ.က(၁)ကန့်ဘလူနှင့် အ.ထ.က(ခွဲ)တောက္ကရှပ် ဘင်ခရာအဖွဲ့တို့အား ဘင်ခရာ ဝတ်စုံပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီက အ.ထ.က(၁) ကန့်ဘလူကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသည့် ပထမအကြိမ် စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ STRAND HOTEL ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်လမ်းလျှောက်ခဲ့သည်။

မော်လမြိုင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ ၍ (UID) နံပါတ်ထုတ်ပေးခြင်းအား မြောက်ဘက်ကွင်း ဘုန်းတော်ကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ စုရပ်မှစတင်ကာ ခရိုင်ပြည်သူ့အားကစားကွင်းထိ တပျော် တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ပေါင်းတည်၌ ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကို ပေါင်းတည်ဘိုးဘွားရိပ်သာခန်းမဆောင်တွင် စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ (စတုတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ စတုတ္တပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် စုရပ်ဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ်(၂/၂၀၂၄) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီအချိန်ကအ.ထ.က(၂)မြို့မတွံတေး၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to