ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့်ခွက်အလှစီပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီး အရာရှိ)က ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ငယ်စဉ်ကတည်းကမွေးမြူတတ်စေရန်၊ အသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်တို့ကို ရည်ရွယ်လျက် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်မည့် ပြိုင်ပွဲများအား မိတ်ဆက်ပြောကြားပြီး ကျောင်းသားကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိတ်စွပ် အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ နှင့်ခွက်အလှစီပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ကျောင်းသား ကျောင်းသူများမှစိတ်ဝင်တစား ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများအားလုံ မုန့်များ ကျွေးမွေးခြင်းနှင့်အမှတ်တရလက်ဆောင် ပစ္စည်းများဖြစ်သည့် ဗလာစ ာအုပ်၊ ပေတံ၊ ခဲတံများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ