လေးမျက်နှာမြို့နယ် ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံအဆောက်အဦးသစ် ပန္နက်တင်အခမ်းအနားပြုလုပ်

လေးမျက်နှာ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ အဆောက် အဦးသစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး ဒေါက်တာစုစုလှိုင်နှင့် ရပ်မိရပ်ဖများမှ ဆေးသိုလှောင်ရုံ အဆောက်အဦး သစ်ဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်အား အမွှေးနံ့သာများပက်ဖျန်းကာ ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆေးသိုလှောင်ရုံအဆောက်အဦးသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်(၁၀၃.၇၄၀)သန်းဖြင့် Friend's Power Co,Ltdမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆောက်အဦးမှာ RCC (၁)ထပ်ဖြင့် (၅၀ပေ×၄၀ပေ)အမြင့် (၁၄)ပေ ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)