မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ်

အောက်တိုဘာ ၅ ရက်နေ့က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ သဘင်အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီနှင့်ကြက်ဥများအား ဆက်လက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့်

တိုက်ကြီးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပုတ္တကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ရှမ်းကွင်းဘုန်းတော်ကြီးကျောင်း၌ အခြေခံစက်ချုပ်သင်တန်း (၄/၂၀၂၂)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူများမွေးမြူထားသော နွားများအား ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်သူများ မွေးမြူထားသော နွားများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တောင်ငူခရိုင်အတွင်းရှိမြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ခပေါင်းခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တောင်ငူခရိုင်အတွင်းရှိမြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား  ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster)ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၆)ရပ်ကွက်၊ ၃၈ လမ်း(အလယ်ဘလောက်) မင်္ဂလာဓမ္မာရုံတွင် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာကျောင်းတွင် လူတိုင်းလူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့်

ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် 

ဟုမ္မလင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်းခြင်းအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်နိုင်ကျော်၊ အမှတ်(၃)ရှေ့တန်းစစ်ဗျူးဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကြည်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးမင်းကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊မြိုဖများ၊ ဘောလုံးအသင်းများနှင့် ကစားသမားများ၊ ဘောလုံးပွဲလာ ရောက်ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ စုစုပေါင်း(၃၅၀၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Subscribe to