အုတ်ဖို အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာကျောင်းတွင် လူတိုင်းလူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် ရောဂါဘေးကာကွယ်တားဆီးရန်၊ ဘေးဒုက္ခရောက်နေသူများကို ကူညီတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေးဦးပြုစုခြင်းကို ကျွမ်းကျင်စွာအသုံးပြုတက်စေရန်ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ၄-၅/၂၀၂၂ကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးမျိုးမင်းထက်နှင့် ကြက်ခြေနီအသင်းဝင်ဦးဝင်းနိုင်၊ ဦးအာကာမိုးမြင့်တို့မှနည်းပြများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အရိုးကျိုးလူနာပြုစုခြင်း၊ သတိလစ်လူနာပြုစုခြင်း၊ ဆေးထည့်ပတ်တီးစီးခြင်းနှင့် အခြေခံအသက်ကယ်နည်းစသည့် သင်ခန်းစာများကို လက်တွေ့သရုပ်ပြသင်ကြားပြသပေးလျက်ရှိကြောင်းနှင့် သင်တန်းသားသင်တန်းသူ(၉၉)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ