သာကေတ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဒုတိယအကြိမ်ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈:၀၀)၌ ၄/မြောက်ရပ်ကွက်သဗ္ဗမင်္ဂလသာသနာ့ဗိမာန်ဓမ္မာရုံ၌ စားဝတ်နေရေး အခက်အခဲရှိသည့်ပြည်သူ(၂၄၀)ဦးအား ဆက်လက်ရောင်းချပေးခဲ့သည်။ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးရာ၌ အိမ်ထောင်စု(၁)စုလျှင် ဆန်၁ပြည်လျှင်ငွေကျပ် ၁၇၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၂၀၇၅ နှုန်းနှင့် ကြက်ဥ ၁ လုံး ငွေကျပ် ၁၇၅ ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး ငွေကျပ် ၈၇၅ ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများပူပေါင်း၍ စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သာကေတမြို့နယ်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြည်သူ များအားပထမအကြိမ်ရောင်းချပေးပြီးဖြစ်၍ နွမ်းပါးသည့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား စျေးနှုန်းသက်သာစွာရောင်းချပေးခြင်း၌ ကျန်ခဲ့မှုမရှိစေရေးအတွက် ဒုတိယအကြိမ်ထပ်မံရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)