အုတ်တွင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

အုတ်တွင်း     အောက်တိုဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စင်မြင့်ရေစင်ဆောက်လုပ်ခြင်း၊ တွင်းနက်တူးဖော်ခြင်း၊ စင်မြင့်ရေကန်ဆောက်လုပ်ခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်တိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၌ စင်မြင့်ရေစင်ဆောက်လုပ်ခြင်း၊ တွင်းနက်တူးဖော်ခြင်း၊ စင်မြင့်ရေကန်ဆောက်လုပ်ခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ(၂၅ဒသမ၉၀)သန်းဖြင့် BhoneHtet.Lyan Co.,Ltd မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)