ဟုမ္မလင်း အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်းခြင်းအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်နိုင်ကျော်၊ အမှတ်(၃)ရှေ့တန်းစစ်ဗျူးဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကြည်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးမင်းကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊မြိုဖများ၊ ဘောလုံးအသင်းများနှင့် ကစားသမားများ၊ ဘောလုံးပွဲလာ ရောက်ကြည့်ရှု့ကြသည့် ဧည့်ပရိတ်သတ်များ စုစုပေါင်း(၃၅၀၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲတွင် နောင်ပကျစ်အသင်းနှင့် ခိုပဲဝအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ခိုပဲဝအသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲကျင်းပခဲ့ရာ ပြိုင်ပွဲတစ် လျှောက်အကောင်းဆုံး အားကစားသမားနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားများအား တာဝန်ရှိသူများကဆုများ ချီးမြှင့်ခြင်း၊ ပူးတွဲတတိယဆုရရှိကြသည့် ပါဝယ်အသင်းနှင့် ဟင်နောင်အသင်းတို့အား ခရိုင်အုပ်ချုပ်ရေးမှူး (ငြိမ်း) ဦးလှထွန်းနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် နောင်ပကျစ်အသင်းအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးမင်းကို တို့ဂုဏ်ပြုဆုနှင့် လည်ဆွဲတံဆိပ်များချီမြှင့်ပြီး၊ ပထမဆုရရှိသည့် ခိုပဲဝအသင်းအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်နိုင်ကျော်နှင့် အမှတ်(၃) ရှေ့တန်းစစ်ဗျူးဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကြည်စိုးတို့က ဂုဏ်ပြုဆုနှင့်လည်ဆွဲတံဆိပ်များချီမြှင့်၍ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က တံခွန်စိုက်ဒိုင်းအား ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)