တိုက်ကြီး အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပုတ္တကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ရှမ်းကွင်းဘုန်းတော်ကြီးကျောင်း၌ အခြေခံစက်ချုပ်သင်တန်း (၄/၂၀၂၂)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဇော်ဇော်နောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းမှ အခြေခံစက်ချုပ်သင်တန်း သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်၊ မြို့နယ်စီမံကိန်းဦးစီး ဌာနမြို့နယ်ဦးစီးမှူးဒေါ်ဝင်းဝင်းမော်၊ မြို့နယ်သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းတို့မှ တက်ရောက်ခဲ့ကြသလို သင်တန်းတွင်လည်းတိုက်ကြီးမြို့နယ် ပုဂ္ဂလိကစက်ချုပ်သင်တန်း ဖွင့်လှစ်ထားသည့် နည်းပြဆရာမ ဒေါ်သိမ့်မြတ်စန္ဒာမှလည်း နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကာသင်တန်းသို့လည်း ကျေးရွာနေပြည်သူ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကြောင်းသိရပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)