တံတားဦး အောက်တိုဘာ ၁၃
တံတားဦးခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဆီထွက်သီးနှံတစ်ခုသော မိုးနေကြာစိုက်ပျိုးရန် (၃၅၇၉၅)ဧကလျာထားပြီး (၃၂၇၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တံတားဦးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ဒေသခံတောင်သူများ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ရရှိရေး၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရေးတို့အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံတစ်ခုဖြစ်သော နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ၎င်းအပြင် တောင်သူများစိုက်ပျိုးနည်စနစ်မှန်ကန်ရေး၊ အထွက်ကောင်း မျိုးများသုံးစွဲရေး၊ တစ်ဧကအထွက်နှုန်းမြင့်မားရေးတို့လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တံတားဦးမြို့နယ်အနေဖြင့် မိုးနေကြာ(၃၂၉၁)ဧကလျာထားပြီး (၂၈၁၈)ဧက စိုက်ပျိုးကြောင်း၊ ဆောင်းနေကြာကို (၁၉၅၇၉) ဧကလျာထားပြီး သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ အတန်းလိုက်စိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်ထံမှ သိရသည်။
တံတားဦးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဆီထွက်သီးနှံတစ်ခုသော နေကြာစိုက်ပျိုးရန် တံတားဦးမြို့နယ်အနေဖြင့် မိုးနေကြာ(၃၂၉၁)ဧက၊ ဆောင်းနေကြာ(၁၉၅၇၉)ဧက စုစုပေါင်း(၂၂၈၇၀)ဧကလျာထားပါကြောင်း၊ ငါးဇွန်မြို့နယ်အနေဖြင့် မိုးနေကြာ (၄၅၀)ဧက၊ ဆောင်းနေကြာ(၁၂၉၂၅)ဧက၊ စုစုပေါင်း(၁၂၉၂၅) ဧကလျာထားပါကြောင်း၊ တံတားဦးခရိုင်အတွင်း မိုးနေကြာစိုက်ပျိုးရန်(၂၇၄၁)ဧက၊ ဆောင်းနေကြာ(၃၂၀၅၄)ဧက စုစုပေါင်း(၃၅၇၉၅)ဧကလျားပြီး မိုးနေကြာ စုစုပေါင်း(၃၂၇၅)ဧက စိုက်ပျိုးပြီးကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်အောင်ထံမှသိရသည်။
ရဲတင့်