ဂန့်ဂေါ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများနှင့် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းစုံနေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign လှုပ်ရှားမှုပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့ပူးပေါင်း၍ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား Mask အခုရေ ၅၀၀ အားအခမဲ့ဖြန့်ဝေကာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန်၊ လူစုလူဝေးရှောင်ကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးရန်၊ Mask များကို ပါးစပ်နှင့်နှားခေါင်းတွင် စနစ်တကျတပ်ဆင်စေပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရေး အသိပညာပေးကာ ကိုဗစ်လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)