တောင်သာ အောက်တိုဘာ ၁၃
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်း အမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အသိပညာပေးဆွေး နွေးပွဲ (Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများသိသင့် သိ ထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးက၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့နှင့် ပတ်သက်၍ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးမှဆွေးနွေးရာတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ IDDRR Day ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ကျင်းပဆောင်ရွက်လျှက်ရှိပါတယ်။၁၉၉၄ ခုနှစ်မှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ လျှော့ချရေးဆိုင်ရာပထမအကြိမ်ကမ္ဘာ့ညီလာခံကို ကျင်းပပြီး မဟာဗျူဟာလုပ်ငန်းစီမံချက်ချမှတ်ဆောင်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံယိုဂိုမြို့တွင် ကျင်းပခဲ့ပြီး ဘေး အန္တရာယ်လျှော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင်(၂၀၀၅-၂၀၁၅)ကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။(၂၀၁၅)ခုနှစ် မတ်လမှာ တတိယအကြိမ် ကမ္ဘာ့ညီလာခံကနေ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀) ကို အသီးသီးရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြတယ်။ အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ပြည့် နှစ်ကစ၍ နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ပါတယ်စသည်များအားဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဆောင်ပုဒ်မှာ Early Warning and Early Action For All ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက် စတဲ့ဆောင်ပုဒ်ဖြစ်ပါကြောင်းနှင့်တောင်သာမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ၂၀၂၁ခုနှစ်မှာဆိုရင် မီး ဘေး(၁)ကြိမ်၊လေဘေး(၂ )ကြိမ်၊ပြိုကျ ပျက်စီး (၂၄)အိမ်၊ တစ်စိတ် တစ်ပိုင်းပျက်စီး( ၇ )အိမ်၊စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၅၇၆၈၄၈/-)၊ ဆုံးရှုံးမှုတန်ဖိုး(၃၆၅၀၀၀၀)၊ ၂၀၂၂-ခုနှစ် လေဘေး(၃)ကြိမ်၊ပြိုကျ ပျက်စီး(၂)အိမ်၊တစ်စိတ်တစ်ပိုင်း ပျက်စီး(၁၀)အိမ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၉၀၆၅၀/-)၊ဆုံးရှုံးမှုတန်ဖိုး(၂၀၀၀၀၀၀) စသည်တို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)