ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် တက်ရောက်ခဲ့သည်။

ဂန့်ဂေါမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံပွဲ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံကျင်းပပြုလုပ်မည့်နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာမဲရုံမှူးများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုင်းရယ်မြို့တွင် ဒီဇင်ဘာလ (ဒုတိယအပတ်)လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် စုပေါင်းအဖွဲ့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် ဒီဇင်ဘာလ(ဒုတိယအပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၅ နာရီက မိုင်းရယ်မြို့၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ တိုးမြစ်ကမ်း ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် တိုးမြစ်ကမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၁) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လားရှိုးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်‌နေ့က အမှတ်(၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ဖြူးမြို့နယ်၌ သက်နုမိုးစိုက်ကြံပျိုးခင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြံစိုက် တောင်သူများအား ပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးမှု ဧကပြည့်မီပြီး ကြံတန်ချိန်အထွက်​နှုန်း ကောင်းရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ညောင်ပင်သာ)တွင် ယနေ့မွန်းလွဲပိုင်းက ကြံစိုက် တောင်သူများအား သက်နုမိုးစိုက်ကြံပျိုးခင်းဆောင်ရွက်ခြင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to