မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာဖြစ်ပါကြောင်း၊  အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃)ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခုပမာ ထင်ရှားစွာတည်ရှိနေကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ နှစ်ရှည်လများ တိုက်ပွဲဝင်မှသာ ရရှိတတ်သော်လည်း ရရှိပြီး လွတ်လပ်ရေးသည် စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ မျိုးချစ်စိတ်ဓာတ်အားနည်းခြင်းတို့ကြောင့် တစ်ခဏ၌ပင် ဆုံးရှုံးတက်သောအရာဖြစ်သကဲ့သို့ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို  ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ ကြောင်းသိရဿည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြိုနယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က သပြေကုန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၅ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေ့ရှု​​သောအား​ဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပ​​ဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းဝေ၊ နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ဦးနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကြည့်ရှုအားပေးခြင်းနှင့် ရေဘေးသင့်ကာလတွင် စွမ်းစွမ်းတမံပါဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ကွင်းအမှတ် (၁၄၅၃) ကြို့ကုန်းကွင်း၊ လယ်ယာမြေများပေါ် တင်ကျန်ရစ်ခဲ့သည့် သစ်တို၊ သစ်စများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်သစ်ထုတ်လုပ်ရေးစခန်းမှ ဖယ်ရှားဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် ပေါင်မြို့နယ် အကျဉ်းထောင်(၃)မှ အကျဥ်းသား (၅၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၂/၂၀၂၅) အရ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ထုတ်ကုန်စခန်းမှ အကျဥ်းသား (၁၈) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၆) ဦး၊ အင်းပြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၈) ဦး၊ စုစုပေါင်းအကျဉ်းသား (၅၂) ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်ဖွင့်လှစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို အထိမ်းအမှတ်ဖြင့် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ “ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါပန်းဥယျာဉ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

စလင်းမြို့နယ်တွင် "ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်း"မှ ဇန်နဝါရီပထမပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်းဒေသကြီး မင်းဘူခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နေ့လယ် (၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဇန်နဝါရီပထမပတ်အဖြစ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to