ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ညောင်ရွှေ - ရွှေညောင်လမ်း ရေကျော်မှုဖြစ်ပွားလေ့ရှိသည့်နေရာ လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ (၃)နာရီက ညောင်ရွှေမြို့နယ် ပေါရိသတ်ကျေးရွာရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ညောင်ရွှေ - ရွှေညောင်ကားလမ်း (၂/၃-၃/၃.၅ မိုင်=၁/၀.၅ မိုင်) နှစ်စဉ်ရေကျော်မှုဖြစ်ပွားလေ့ရှိသည့်နေရာ လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။