စစ်ကိုင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံကျင်းပပြုလုပ်မည့်နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာမဲရုံမှူးများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက် (၂၃) ခုတွင် မဲရုံတည်ဆောက်မည်နေရာများ၌ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဗူးများထားရှိမှုနှင့် ကောင်းမွန်ခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်တင်းထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)