ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျက်စီး၊ ပျောက်ဆုံး ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့နံနက်ပိုင်းက One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲရုံများအဖြစ် ဆောင်ရွက်ထားရှိမည့်နေရာများအား  မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ပေးရှိရာ စိုက်မွေး (၁+၂) ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင်လည်း ယမန်နေ့နံနက် (၉) နာရီ (၃၀)မိနစ်မှစတင်ကာ  ဆက်လက်ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကော့သောင်းမြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအားတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများအား   ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။

မြို့သစ်မြို့နယ်၌ ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်း​လျှောက်ပွဲ ဒုတိယပတ်စည်ကားစွာ ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊ ​မကွေးခရိုင်၊ မြို့သစ်မြို့တွင် ​၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

နေပြည်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံ၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ တောင်သူများနှင့်တွေ့ဆုံသည်။

လဲချားမြို့နယ် လူထုအခြေပြု (Community Centre)တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး Talk show ဆောင်ရွက်

လဲချားမြို့နယ် လူထုအခြေပြု (Community Centre)တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး Talk show ဆောင်ရွက် လဲချား ဒီဇင်ဘာ ၁၄ ဒေါ်ခင်ချိုထွေး

ကျွန်းစုမြို့၌ ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to