ပွင့်ဖြူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုလတ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများရှိ စာသင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ၊ မီးဘေးအန္တရာယ်ကာကွယ် ရေးပစ္စည်းများ ပြည့်စုံကောင်းမွန်မှု ရှိ/မရှိ ၊ ကျောင်းပတ်ဝန်းကျင်းအနီး လူနေအိမ်များပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေခံပညာကျောင်းများ၊ ဓမ္မာရုံများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မဲရုံပတ်ဝန်းကျင်ရှိလူနေရပ်ကွက်များ မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းများကို ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)