ကန်းနီ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး ၁၃၀ ဧကအတွက် ရေများဆက်လက်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကန်းနီဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ ၂၀၂၅-၂၀၂၆ မိုးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ ၇၅၇ ဧက စိုက်ပျိုးအောင်မြင်ခဲ့သော်လည်း မိုးစပါး ဧက ၁၃၀ ဆက်လက် ရေပေးဝေထားရကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တွံတေးမြို့နယ်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် စီမံခန့်ခွဲရေးကော်မတီ (EC)ရုံး၌ တွံတေးမွေးမြူ‌‌ရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပက်သတ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မူဆယ်မြို့ မိုးလုံလေလုံ အားကစားခန်းမတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ စာတိုက်ကုန်းလမ်းထိပ်တွင် စုရပ်ပြု၍ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းတွင် ၀င်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို စုပေါင်း ဆောင်ရွက်ကြသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားအဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယမန်နေ့နံနက် ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံသရုပ်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး အဆောက်အဦ၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီးရှိ နေရာများ မီးဘေးလုံခြုံရေးစစ်ဆေး‌

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မဲရုံပတ်ဝန်းကျင်အနီး မီးသတ်ကားအလွယ်တကူ ဝင်ရောက်၍ မရနိုင်သောနေရာများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄×၈၅လမ်းကြား၊ ၁၀၄ လမ်း×၁၀၅လမ်းကြားရှိ အကွက်အမှတ်(၅၀၁)အား တိုင်း‌ဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် တာဝန်ရှိသူများအတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊‌ ပုလုံးတုံးတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
Subscribe to