မကွေးတိုင်းဒသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရများအား တန်ဖိုးထားသိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏ အမွေအား လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်တတ်စေရေးတို့ကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက မျိုးရာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။