ဒေါပုံမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရေးနှင့် ရောဂါအန္တရာယ်များမှ ကင်းဝေးစေရေးအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အားဆေး၊ သံချဆေးများတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅-ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅-ခုနှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါကွင်း၌  (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ကျင်းပသည်။

ပုလောမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ပုလောမြို့၊ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့၌ စျေးမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှုမရှိစေရေးနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးလန့်မှုမဖြစ်ပွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မစျေးအတွင်း၌ စျေးမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်  ၁၁ နာရီခန့်က ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အတွင်းရှိ ရေးကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားကို ယ‌မန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။

ပင်လောင်းမြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်း၌ ကျင်းပပြုလုပ်သည်။

ငဖဲမြို့၌ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် စောလျှင်စွာရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ငဖဲမြို့မ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြာပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ခြင်း ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Commuity Centre)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to