မိုင်းရယ်မြို့တွင် ဒီဇင်ဘာလ (ဒုတိယအပတ်)လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

မိုင်းရယ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် စုပေါင်းအဖွဲ့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် ဒီဇင်ဘာလ(ဒုတိယအပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၅ နာရီက မိုင်းရယ်မြို့၌ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများသည် မြို့လယ်မဟာဗောဓိရွှေစေတီနှင့်ဆုတောင်းပြည့်ဘုရားကိုဆူစေတီမှ စတင် တာထွက်ရာ မိုင်းရယ်-ကျေးသီးသွား ကားလမ်းအတိုင်း အ.မ.က(နားလီ)အထိ စုပေါင်း လမ်းလျှောက်ကြပြီး မြို့နယ်အားကစားကွင်း၌ပန်းဝင်၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါ မြို့နယ်အားကစားကွင်း၌ မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများကို ပြုလုပ်ပေးရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးခြင်း၊ ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)