ကျွန်းစုမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ (၃၄)ကြိမ်‌မြောက် စုပေါင်းမဟာဘုံကထိန်စည်းကားသိုက်မြိုက်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျွန်းစု အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၁၀)အချိန်က ပြည်သူ့ဝန်ဆောင်မှုရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက နိုဝင်ဘာလ(၆)ရက်နေ့တွင် ပဒေသာပင်များအား စီတန်းလှည့်လည်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားအား စည်းကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပါဝင်သော ‌ကော်မတီများ၌ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)