တိုက်ကြီးမြို့နယ်တွင် တောင်သူများအား နေကြာစိုက်ပျိုးရေး နည်းပညာများ အသိပညာပေးဆွေးနွေး

တိုက်ကြီး      အောက်တိုဘာ      ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးရေး နည်းပညာများ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တိုက်ကြီးမြို့နယ် ချောင်းသုံးခွကျေးရွာအုပ်စု လက်ပြန်ဒိုးကျေးရွာရှိ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းကျော်နှင့်ဝန်ထမ်းများက တောင်သူများအား နေကြာစိုက်ပျိုးရေး နည်းပညာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးရာ တောင်သူ(၄၂)ဦးတက်ရောက်ခဲ့ကြသည်။ ထို့နောက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး  လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

တိုက်ကြီးမြို့နယ်၊ ချောင်းသုံးခွကျေးရွာအုပ်စု လက်ပြန်ဒိုးကျေးရွာတွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တောင်သူ(၈၂)ဦးတို့က နေကြာသီးနှံဧက(၅၀)အား တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)