ချမ်းအေးသာစံ အောက်တိုဘာ ၁၄
စာရေးဆရာအောင်တိုး(စိန်ခြယ်)၏ “တောပန်းတစ်ပွင့်ဒိုင်ယာရီ” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဘဝမှတ်တိုင်စာစုများစာအုပ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဖတ်ပြဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကိုဖတ်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများ၊ Book Clubအဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း၊ စာရေးဆရာအောင်တိုး(စိန်ခြယ်)၏ ပညာရှာအရွယ်၊ ဥစ္စာရှာအရွယ်တို့တွင် ကျင်လည်ခဲ့သော အတွေ့အကြုံများအကြောင်းကိုရေးသားထားသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဘဝမှတ်တိုင်စာစုများ စာအုပ်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်