သံတောင်ကြီး အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ လူထုစိန်ဝင်း၏ လူငယ်နှင့်ကြီးပွားရေးစာအုပ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမူး ဒေါ်နော်လော်မူကစာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနော်စပီယာမော (Book Club) အဖွဲ့ဝင်ကစာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့်မြန်မာစာနယ်ဇင်းလောက မစိုးရိမ်ရပါဘူး၊ အင်တာနက်ကကမ္ဘာကြီးကိုကယ်တင်မယ်၊ မိဘတွေ ပညာလောဘမကြီးပါနဲ့ ၊ငွေကိုရေလိုစီးဆင်း နေစေရမယ်၊ စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်သဇင်ဦး(Book Club ) အဖွဲ့ဝင်က သည်းခံခြင်းယဉ်ကျေးမှု ထွန်းကားတဲ့လူမျိုး ၊ ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား၊ ညောင်ဦးကမ်းပါးမပြိုအောင် ကြိုတင်ကာကွယ်ဖို့၊ အရေးကြီးရင်သွေးနီပါတယ်၊ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
နော်နော်မူ