မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မိုင်းယန်း အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ၊  အလုပ်မအား၍ စာအုပ်များ လာရောက်ငှားရမ်းခြင်းမရှိသည့် ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့်ရရှိကြပြီး ငှားရမ်းစာအုပ်များကို တစ်ပတ်ပြည့်ပါက စာအုပ်များ ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်များအသစ်ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး