နမ္မတူမြို့နယ် မိုးကုတ်ကျောင်းတိုက်၌ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကျင်းပ

နမ္မတူ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မိုးကုတ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီ ခွဲအချိန်က အဆိုပါကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ စေတနာရှင် သဒ္ဒါရှင် ကုသိုလ်ရှင်  ဘုရား ဒါယကာ/ဒါယိကာမအပေါင်းတို့က ပင့်သံဃာတော် အပါး(၆၀)ပါးတို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆပ်ကပ်လောင်းလှူခဲ့ပြီး၊ ဆရာတော်အရှင်သူမြတ်များထံမှ ဆွမ်းအနု မောဒနာ တရားတော်များနာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)