ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက ၁၀၉  တင်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာတောင်သူဦးခိုင်ထူး၏ ကွင်းအမှတ်(၆၉၉)ရှိ မိုးစပါးစံကွက်  ၅ ဧကစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ရွှေဝါထွန်း(၂) သမဝါယမအသင်း တိုးတက်ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာ၊ ရွှေဝါထွန်း(၂) သမဝါယမအသင်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့၊နေ့လယ်ပိုင်းက အဆိုပါအသင်း၌ ဒေသခံတောင်သူများ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတက်ရောက်သည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Center တွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ (၃၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၃၅)ဦးနှင့် Booster Dose ထိုးနှံသူ (၁၂၅)ဦး စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံသူ (၁၉၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး‌ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့်‌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ နယ်လှည့်စာငှားလုပ်ငန်း ဆောင်ရွက်

စာပေအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က နယ်လှည့်စာကြည့်တိုက်အနေဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။

ကျောက်ဆည်အသင်း(ရန်ကုန်)မှ ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်တန်းဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ရိုက်ကူးထုတ်လွင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အမျိုးသမီးများအကြမ်းဖတ်ခံရမှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကာ ရိုက်ကူးထုတ်လွင့်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  စက်တင်ဘာ (၁၂)ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to