ပုဇွန်တောင်မြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်

ပုဇွန်တောင် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်း ပုဇွန်တောင်စျေးရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ အဖွဲ့ဝင်-၁၊ ခေတ္တအတွင်းရေးမှူးနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး စာစောင် ပေးဝေခြင်း၊ အနှေးယာဉ်များ (လူစီးဆိုက္ကား) စက်ဘီးများကို ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်များ တပ်ဆင်ပေးခြင်း လိုက်နာရမည့် နည်းလမ်းများတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်