လေးမျက်နှာမြို့နယ်၌ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော် အစဉ်အလာမပျက် ကျင်းပပြုလုပ်

လေးမျက်နှာ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ စုပေါင်းမဟာဘုံကထိန်ပွဲများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုရှိရာ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်ပွဲများ စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအရ လူစုလူဝေး မပြုလုပ်ရပဲ လူနည်းစုဖြင့်သာ အသီးသီးကျင်းပခဲ့ရပြီး ယခုနှစ်တွင် ကာကွယ်ဆေးအားလုံး ထိုးနှံပြီးစီးနေပြီဖြစ်ရာ ရောဂါကူးစက်မှု မရှိတော့သဖြင့် ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်ကြောင်းနှင့် အသံချဲ့စက်များ၊ ဆောင်းဘောက်များဖြင့် စည်ကားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)