လပွတ္တာမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ဓမ္မသီတဂူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

လပွတ္တာ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နံနက် နာရီ အချိန် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်း(၁၉) မိုင်ရှိဓမ္မသီတဂူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများ စုစုပေါင်းအင်အား ၆၀ ခန့်က လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်း(၁၉) မိုင်ရှိဓမ္မသီတဂူကျောင်းတိုက်တွင် ကထိန်ခင်းရန်အတွက် ကျောင်းဝန်းအတွင်းရှိ အုတ်သဲကျောက်ပုံ များ နေရာပြောင်းရွှေ့ခြင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း တံမြက်စည်းလှဲခြင်း၊ ကျောင်းတိုက်အတွင်း/အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)