ဘူးသီးတောင်မြို့၌မွေးစမှ အသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဗဟုသုတများ ရရှိစေ ရန်နှင့် စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီ ၃၀ နာရီအချိန်ခန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ထပ်မံ၍ ငှားရမ်းပေးခဲ့ကြသည်။

ငပုတောမြို့နယ်၊ ဖျန်​ရေ​ကျော်​ကျေးရွာအုပ်စု၊ ဖျန်​ရေကျော်ကျေးရွာ၌ မိုးစပါးဆင်းသုခ (စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်) စံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်​ရေ​ကျော်​ကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာ၌ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးစပါးဆင်းသုခ (စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ်) စံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈)နာရီက ဧက (၉.၀၀) စံပြကွက်ရှိ တောင်သူ ဒေါ်မေသဇင်ဦး၏ ကွင်းအမှတ် (၁၃၇၃)၊ ဦးပိုင်အမှတ် (၁၅/၃)ရှိ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင် ဆင်းသုခစပါး အစိုတင်း (၉၅.၀၅ ) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က၊ လောင်းလုံးကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ ဖောင်းမိန်းကျေးရွာ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး (၅)​ကြောင်း ကွင်းဆင်းအဖွဲ့သည် ယနေ့နေ့လည်ပိုင်းက ဆင်ခြေဖုန်းအရှေ့ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စစ်ကိုင်းမြို့ ထူပါရုံအလယ်တန်းကျောင်းခွဲတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ ထူပါရုံအလယ်တန်း ကျောင်းခွဲတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အိမ်မဲမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စည်ကမ်းချက်များအား အသိပညာပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး စည်းကမ်းချက်များကို ယမန်နေ့တွင် နေ့ညမပြတ်ဆက်လက် မြို့နယ်အတွင်းလှည့်လည်၍ အသိပညာပေး နှိုးဆော်ခဲ့သည်။

လဲချားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီမှ မတည်ထောက်ပံ့ငွေပေးအပ်ရန် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီမှ မတည်ထောက်ပံ့ငွေပေးအပ်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ်လန်းကျေးရွာနှင့် နောင်မိန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီ ရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစအသက် (၄၅)ရက်မှ အသက်(၁၈)လအရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက် ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to